ရန်ကုန်မြို့သို့ ကိုဗစ်−၁၉ တိုက်ဖျက်ရေးအတွက် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်း(၂)ဦး တာဝန်ချိန်ပြီးဆုံး၍ နမ့်ဆန်သို့ ပြန်လည်ရောက်ရှိ

နမ့်ဆန် ဒီဇင်ဘာ

ကိုဗစ်၁၉ တိုက်ဖျက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးသို့ ရှမ်းပြည်နယ်(မြေက်ပိုင်း) ကိုယ်စားပြု သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန် မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်း()ဦးသည် တာဝန်ထမ်းဆောင်ပြီး၍ မန်နေ့ မွန်းလွဲ နာရီက နမ့်ဆန်မြို့နယ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

ကိုဗစ်၁၉ ကူးစက်မှုနှုန်းမြင့်မားနေသော ရန်ကုန်မြို့တွင် ကိုဗစ်၁၉ ကူးစက်ခံရသည့် လူနာများကို ကုသစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ဖို့ ကျန်းမာရေး ဝန်ထမ်းများ လိုအပ်လျက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုယ်စားပြုအဖြစ် နမ့်ဆန်မြို့နယ်က ကျန်းမာရေးဝန်ထမ်းဖြစ်သည့် ဒေါ်ခင်ရွှေမြင့် အထက်တန်း သူနာပြုဆရာမနှင့် ဒေါ်ဆောင်းသဇင် သူနာပြုဆရာမ ()ဦးတို့သည် အောက်တိုဘာ (၁၀)ရက်နေ့တွင် ရန်ကုန်မြို့သို့ စတင်သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပြီး  တာဝန်ချိန်ကာလ()လကြာ ပြီးဆုံးသွား၍ ယနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့တွင် နမ့်ဆန်မြို့သို့ ကောင်းမွန်စွာ ပြန်လည် ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေး ဝန်ထမ်း()ဦးကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဉက္ကဋ္ဌနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နမ့်ဆန် စေတနာရှင် လူငယ်များအဖွဲ့တို့က ဂုဏ်ပြုတေးသီချင်းဖြင့် မြို့နယ်ပြည်သူ့ဆေးရုံမှ  ကြိုဆို ဂုဏ်ပြုကာ ဇယန်းကြီး ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတွင် Quarantine ()ရက် နေထိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုတွင် ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ကူညီ အားဖြည့်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုယ်စားပြု သွားရောက် တာဝန်ထမ်းဆောင်ရန်အတွက် နမ့်ဆန်မြို့နယ်မှ သူနာပြုဆရာမ()ဦးက သွားရောက်မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)