မလှိုင် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်နှင့် တာဝန်ရှိသူများသည် မြို့မအားကစားကွင်း ဝင်းအတွင်း တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာ၊ အားကာ ဦးစီးမှူး နေအိမ်နှင့်ရုံးခန်း၊ သန့်စင်ခန်းတို့အတွက် မြေနေရာ ရွေးချယ်ထားမှုတို့ကို ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့မအားကစားကွင်းတွင် ယခုဘဏ္ဍာနှစ် ၌ ( ၆ဝ ပေ x ၂၅ ပေ x ၁၁ ပေ) (၄) ခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာ၊ တစ်ခု၊ ( ၅ဝ ပေ x ၂၅ ပေ x ၁၁ ပေ) အား/ကာ ဦးစီးမှူး နေအိမ်နှင့် ရုံးခန်းတစ်ခု၊ (၄) ခန်းတွဲ (၂၅ပေx ၁၉ ပေ x ၈ပေ ) သန့်စင်ခန်း(၂) ခုတို့ တည်ဆောက် ပေးသွားမည်ဖြစ်ပြီး အဆောက်အဦးများ ဆောက်လုပ်ရန် မြေနေရာလျာထား သတ်မှတ်ထားရှိမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အဖွဲ့သည် ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြေနေရာအား ပေကြိုးဆွဲတိုင်းတာခြင်းများကို တင်ဒါအောင်မြင်ခဲ့သော ခိုင်မြစေ ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ၊ မြို့နယ်အား/ကာ ဦးစီးမှူး ဒေါ်ဖြိုးစန္ဒာဝင်းတို့နှင့် အတူပေါင်းစပ် ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါအဆောက်အဦးများကို တိုင်းဒေသကြီး အစိုးရခွင့်ပြုငွေဖြင့် တင်ဒါအောင်မြင်ခဲ့သော ခိုင်မြဲစေ ကုမ္ပဏီက တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)