ကြံခင်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့သို့ မေတ္တာဖွံဖြိုးရေး ဖောင်ဒေးရှင်းနှင့် Light House Social Development Organization Ayarwaddy အဖွဲ့တို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာသီရိခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် Light House Social Development Organization Ayarwaddy အဖွဲ့မှ ဥက္ကဋ္ဌ ဦးမိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်၊ ဟင်္သာတခရိုင်တာဝန်ခံ ဒေါ်ခိုင်ဇာလွင်နှင့် ကြံခင်းမြို့နယ် တာဝန်ခံ ဒေါ်မိုးစန္ဒာဝင်းတို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော PPE(၁၀)စုံ၊ လည်ရှည်ဘိနပ်(၅)ရံ၊ N95(၅၀)ခု၊ Apron(၅)ထုပ်၊ လက်အိတ်(၅)ဘူးနှင့် တစ်ကိုယ်ရေသုံးပစ္စည်း (၁၁)မျိုးအား ပေးအပ်လှုဒါန်းရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ပြီး ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)