မိုးကောင်းမြို့၌ စိုက်ပျိုးရေးနည်းပညာဖြင့် မိုးစပါးအပြီး ဆောင်သီးနှံကုလားပဲ သီးထပ်စိုက်ပျိုး

မိုးကောင်း ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ခြင်းနှင့် စိုက်ပျိုးရေး နည်းပညာဖြင့် မိုးစပါးအပြီး ဆောင်းသီးနှံ ကုလားပဲများကို နန့်ခွင်ကျေးရွာရှိ တောင်သူ ဦးမြထူးနှင့် မန်ရွက်ကျေးရွာရှိတောင်သူ ဆန်းညွှန်နိုင် လယ်ယာမြေများ၌ ယမန်နေ့ က သီးထပ်စိုက်ပျိုး ခဲ့ကြောင်း သိရသည်။

တောင်သူများဝင်ငွေတိုးပွားရေး၊ သီးထပ်စွမ်းအားတိုးပွားရေး၊ မြေစီလွှာဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရေဆင်း(၁၁)နှင့် ရေဆင်း()အမျိုးအစား ကုလားပဲမျိုးစေ့များကို အတန်းလိုက်စနစ်ဖြင့် အသုံးပြု စိုက်ပျိုးပြီး ၎င်းစပါးစိုက်တောင်သူ()ဦးရှိ လယ် (၁၀)ဧကခန့် စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သီးနှံစိုက်ပျိုးချိန်သက်တန်းက လကျော်လောက်စိုက်ရပါတယ်။ ရရှိတဲ့သီးနှံတွေကို ဈေးကွက်နဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိန်လွင် က ပြောကြားသည်။

သန်းလွင်ဦး(ပြန်/ဆက်)