ပင်လုံမြို့၌ ယာယီပျံဈေး ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် စည်ပင်သာယာရေးဌာနမှ စီစဉ်ဆောင်ရွက်ပေး

ပင်လုံ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ယာယီပျံကျဈေးအား မဟာရဌာဘိသာမဂ္ဂီ စေတီတော် ဘုရားဝန်းအတွင်းမှ ပင်လုံမြို့ အဝင် ရပ်ကွက်() စိုက်ပျိုးရေးရပ်၊ လမ်းမတော် လမ်းဘေးတွင် ပြောင်းရွှေ့၍ ဟင်းသီးဟင်းရွက်များ ပြန်လည်ရောင်းချ ဝယ်ယူ နိုင်ရေးအတွက် ယနေ့နံနက် နာရီအချိန်မှစတင်၍ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ယာယီပျံကျဈေးနေရာအား သတ်မှတ်၍ ဈေးသည်များအတွက် ဈေးရောင်းချမည့်နေရာများ စီစဉ်သတ်မှတ်ဆောင်ရွက် ပေးနေကြောင်း သိရသည်။

အဆိုပါ ယာယီပျံကျဈေးတွင် ဆိုင်ခန်းတစ်ခန်းလျှင် (၄ပေ ၆ပေ)နှင့် ဆိုင်ခန်းတစ်ခန်းနှင့်တစ်ခန်း ()ပေခြားစီ ဆိုင်ခန်းပေါင်း (၁၁၆)ခန်း စီစဉ် ဆောင်ရွက်ထားပေးကြောင်း၊ အဆိုပါ ယာယီပျံကျ ဈေးအား ၁၅-၁၂-၂၀၂၀ ရက်နေ့မှစတင်၍ နေ့စဉ်နံနက် နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ ဝယ်ယူ ကြရန်နှင့် အစုလိုက်မဟုတ်ဘဲ တစ်ဦးချင်း ဝယ်ယူကြရန် စည်းကမ်းချက်များ ထုတ်ထားကြောင်း လွိုင်လင်မြို့နယ် စည်ပင်သာယာရေး ဌာနဦးစီး အရာရှိ ဦးသောင်းထွန်းဇော် ထံမှသိရသည်။

နန်းမြင့်မြင့်ဆွေ