ကျောက်မဲမြို့တွင် ကျောက်ကပ်သန့်စင်စက် အဆောက်အဦး ပန္နက်ရိုက်အခမ်းအနားနှင့် အလှူငွေများ ပေးအပ်ပွဲ အခမ်းအနားဆောင်ရွက်

ကျောက်မဲ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်မည့် ကျောက်ကပ် သန့်စင်စက် အဆောက်အဦး ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို  အဆိုပါအဆောက်အဦး ဆောက်လုပ် မည့် နေရာတွင်  ယနေ့ နံနက် ၁၀ နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။

အခမ်းအနားစတင်ချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက မင်္ဂလာအချိန် ကျရောက် ချိန်တွင် သတ်မှတ်နေရာများ ပန္နက်ရိုက်ပေးခဲ့ကြသည်။

ယင်းနောက် ကျောက်ကပ်သန့်စင်စက် အဆောက်အဦးအတွက်  (ဦးရွှေထွန်း)+ဒေါ်ခင်သန်း၏ သားဖြစ်သူ ဦးထွန်းထွန်းမြင့်+ဒေါ်နှင်းနှင်းမိုး (အောင်စတိုး) က ငွေကျပ်သိန်းခြောက်ရာ၊ ကျောက်ကပ် သန့်စင်စက်  လုံးဝယ်ယူရန်အတွက် ဦးသန်းဝင်း+ ဒေါ်ခင်ရွှေသက်နှင့် ညီမဖြစ်သူ ဒေါ်ကြည်ကြည် မိသားစုမှ ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်၊ ဦးထွန်းထွန်း+မသန်းသန်းအေး (သိန်းသန်းစက်သုံးဆီဆိုင်) မိသားစု ငွေကျပ်သိန်း တစ်ရာ့ ငါးဆယ်၊ ဦးဇော်မင်းမောင်+ဒေါ်ရီရီစန်း (ရွှေရည်သဇင်ဖြိုးကုမ္ပဏီ) မိသားစုတို့မှ ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်၊ ရေသန့်စက်အတွက် ဦးသိန်းနိုင်+ဒေါ်သီတာ (777 ပလပ်စတစ်အိပ်လုပ်ငန်း၊ရန်ကုန်) မိသားစုမှ ငွေကျပ်သိန်းတစ်ရာနှင့် Polar Star ဆောက်လုပ်ရေးကုမ္မဏီ ငွေကျပ် နှစ်သိန်းတို့ကိုပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယခု ဆောက်လုပ်မည့်  အဆောက်အဦးသည် ကျောက်ကပ်သန့်စင်စက် လုံးအထိထားရှိ နိုင်သည့် အဆောက်အဦးဖြစ်ပြီး ကျောက်ကပ် သန့်စင် စက် လုံး ဝယ်ယူရန်အတွက်သာ အလှူခံရရှိပြီးကြောင်း  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)