ရွှေသောင်ယံ ဒီဇင်ဘာ ၁၃
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၁၁ နာရီက ပုသိမ်အခြေစိုက် လူငယ်ရေးရာ ကော်မတီနှင့် Mobilizing Myanmar တို့မှပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များ၏ မိခင်များအား နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို မိမိတို့၏ ဖုန်းများမှ တစ်ဆင့် အဆင်ပြေပြေ ထုတ်ယူနိုင်ရန်အတွက် WAVE Pay နှင့် AYA Pay အကောင့်များ ဖွင့်ပေးခြင်း၊ အသိပညာများ ကူညီ ပံ့ပိုးပေးခြင်း လုပ်ငန်းတို့ကို လိုက်လံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပညာပေးအစီအစဉ်များ ဆောင်ရွက်ရာတွင် ယနေ့နံနက် ၁၁ နာရီမှစတင်၍ ရွှေသောင်ယံမြို့ ရပ်ကွက် (၁၊၂၊၃)ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး မိခင်များအား အသိပညာပေးပံ့ပိုးမှုများ လုပ်ဆောင်ပေးလျက်ရှိပြီး၊ ရွှေသောင်ယံမြို့ သဲကုန်း အုပ်စုနှင့် သဘော့ကန်အုပ်စုတို့ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးမိခင်များအား အဆိုပါ အသိပညာပေး အစီအစဉ် များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)