တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံများနှင့် အလှူငွေတို့ကို လာရောက်လှူဒါန်း

တံတားဦး ဒီဇင်ဘာ ၁၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက်  တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံ သို့  ယနေ့နံနက် ၁၀ နာရီက PPEဝတ်စုံများနှင့် အလှူငွေတို့ကို လာရောက် လှူဒါန်းကြောင်း သိရသည်။

တံတားဦးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက် မန္တလေးမြို့ မောင်စိန်ဝင်း မိသားစု (စက်ပစ္စည်း ရောင်းဝယ်ရေး)မှ PPE ဝတ်စုံ(၅၀)စုံ၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် MC JALUX အဖွဲ့မှ  PPEဝတ်စုံ(၃၀)စုံ၊ တံတားဦးမြို့ နွားကျော် ဒရပ်မှ ဒေါ်နွဲ့(သမီး) မသူဇာမိုး(သရဖူမာလာဟင်းနှင့်ရှမ်းဆိုင်)မှ PPEဝတ်စုံ (၁၀)စုံနှင့် Mask()ဗူး၊ နွားကျော်ဒရပ် ကိုသက်ဇာနည်+မမြသူဇာ မိသားစုမှ  PPE ဝတ်စုံ()စုံ၊ တံတားဦးမြို့နယ် ကူတိုးဆိပ် ကျေးရွာ ဒေါ်လှအေး (သမီး)ဦးလူသစ်(ဂျာကြီး)+ ဒေါ်မာမာမြင့် မိသားစုမှ လှူငွေ ကျပ် ()သိန်းတို့ကို  အသီးသီး လာရောက် လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် တာဝန်ရှိသူများ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)