ကြံခင်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းအား ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်း မြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိသော နေရာများသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှူ့ စစ်ဆေး ခဲ့ ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေး ဦးစီးဌာန၏ စီမံချက်အရ လမ်းအထူးအဖွဲ့(၂၀) လုပ်ငန်းဆောင်ရွက် လျက်ရှိသော ပုသိမ်(ကံကလေး) မုံရွာလမ်းမိုင်တိုင်(၉၉/၃-၁၀၂/၃) အရှည်၃မိုင်၊ အကျယ်၂၄'၊ အမြင့်(၁၁")ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု Concrete Batching Plant တည်ဆောက်နေမှုများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထွန်းလင်းမော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်တို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှု့ စစ်ဆေးခဲ့ပြီး မြိုနယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်ကျော်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်နှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်အန္တရာယ်၊ ယာဉ်အသွားအလာအန္တရာယ် မဖြစ်စေရေး အရည့်အသွေး ပြည့်မှီ ကောင်းမွန်စေရေးများအား မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ ကြံခင်းမြို့နယ် ရှောက်ခုံအုပ်စုတောင်ပုံကြီး (အနောက်ဘက်ကွင်း)တွင် ဧရာဝတီမွေးမြူရေး ကျေးရွာအမှတ် (၃)သို့ သွားရောက် ကာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ စစ်ဆေးကြည့်ရှု့ရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်နေသော မွေးမြူရေး လုပ်ငန်းရှင်များ၊ ရှောက်ခုံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများမှ တင်ပြမှူများအား တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းသည်။
ဆက်လက်ပြီး ကြံခင်းမြို့နယ် ကြာအင်းအုပ်စု တံတားဦးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ကျေးလက် ရေရရှိရေးအတွက် Pump House၊ အုတ်ရေကန်နှင့် (၄")ပေတွင်းနက် တူးဖော်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု့ စစ်ဆေးပြီး လုပ်ငန်းများအား ညှိုနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)