ညောင်ဦး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းခေါ်စမုံနက်နှမ်းများစတင် နှုတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းပြီးဈေးနှုန်းကောင်းရန် မျှော်လင့်နေရကြောင်း ညောင်ဦးမြို့နယ် တောင်ရှေ့ကျေးရွာ ဆောင်းနှမ်းနက်ခေါ ်စမုံနက်နှမ်းစိုက် တောင်သူ ဦးဝင်းတင်ကပြောသည်။
ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းနက်များကို တော်သလင်းလတွင် စတင်ကြဲပက်စိုက်ပျိုးခဲ့ပြီး အပင်ပေါက်ချိန် မိုးနှစ်မိုးသုံးမိုးလောက်ရရှိပြီး ဆောင်းတွင်း ဝင်ရောက်လာချိန် အအေးဓာတ်ဖြင့် ဆက်လက်အပင်များဖြစ်ထွန်အောင်မြင်ကာ တန်ဆောင်မုန်းလ၊ နတ်တော်လတို့တွင် အဆိုပါ နှမ်းနက်များနှုတ်သိမ်းလေ့ ရှိကြောင်းသိရသည်။ ဆောင်းနှမ်းစိုက်တောင်သူများ မိုးရာသီစိုက်ပျိုးချိန် မိုးရွာသွန်းမှု မညီမျှခြင်းများကြောင့် ယခုနှစ်ညောင်ဦးမြို့နယ်တွင် မိုးနှမ်းအထွက်နှုန်း သိသိသာသာ လျော့ကျခဲ့ကြောင်း ဆောင်းနှမ်းစိုက်ပျိုးသည့်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ နှမ်းစေ့များအရည်အ သွေးပြည့်ကြောင်း၊ မိုးနှမ်းထက်ဆောင်းနှမ်းများက ပိုမိုရရှိခဲ့ ကြောင်း ဦးဝင်တင်ကရှင်းပြသည်။ ညောင်ဦးမြို့နယ်ထွက် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းများအား ပခုက္ကူပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်းသိရပြီး စမုံနှမ်း တစ်တင်းလျှင် နှမ်းအရည်အသွေးပြည့်ဝ မှုပေါ်မူတည်ကာ ၅၇၀၀၀ ကျပ်၊ ၅၅၀၀၀ ကျပ် ၊မှ ၄၅၀၀၀ ကျပ်ထိ၊ စမုံနက်နှမ်းအရည်အသွေးပေါ်မူတည်ကာ ဈေးနှုန်းရှိကြောင်း ၊ စမုံနက်နှမ်းတစ်တင်းလျှင် ၁၅ပိဿရှိကြောင်း ပခုက္ကူမြို့ နီလာပွဲရုံပိုင်ရှင် ဦးဘိုကြီးနိုင်က ရှင်းပြ၍သိရသည်။
ကိုထိန်၊KPD