တာချီလိတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (တာချီလိတ်) နှင့်မြန်မာနိုင်ငံ ဆရာဝန် အသင်း(တာချီလိတ်)တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ "ကိုဗစ်ခရီးသည်" ခေါင်းစဉ်ဖြင့် လူထုစကား ဝိုင်းကို ယမန်နေ့ မွန်းလွဲအချိန်က အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့ကြောင်း သိရသည်။
Zoom Meeting လူထုစကားဝိုင်းတွင် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနာယက ဦးစိုးစိုး (သုတစိုး-နေ့သစ်)မှ အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာများမှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ လူထုနှင့် မိတ်ဆက်ခြင်းများကို ပြုလုပ်ခဲ့ကြပြီးနောက် မြို့နယ်စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင်(မောင်မြန်မာ)၊ စာရေးဆရာ ဒေါက်တာ ကျော်စွာမြင့် (ကလေးအထူးကု) တို့က ကိုဗစ်-၁၉ နှင့်ပတ်သက်၍ သိကောင်းစရာများကိုပညာပေး ဟောပြောခဲ့ကြပြီး နောက် Zoom Meeting သို့ပါဝင်တက်ရောက်ကြသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြား ပေးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ကြသည်။
ကိုဗစ်-၁၉ အကြောင်းသိကောင်းစရာ လူထုစကားဝိုင်း Zoom Meeting ကို LIVE ထုတ်လွှင့်ပြီး မြို့နယ် စာရေးဆရာအသင်းဝင်များ၊ ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုမြို့များမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူးများ၊ စာပေဝါသနာ ရှင်ပြည်သူများပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)