မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွား ရာဇဝင် မှတ်သား ခြင်းများ နေ့စဉ်ဆောင်ရွက်

 

မိုင်းဆတ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် မှတ်သားခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

မြို့ဝင်၊ မြို့ထွက်ဂိတ်များမှ ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား Non-Contact Infrared Thermometer စက်ဖြင့် ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံ ချက် ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေး အသိ ပညာပေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ခရီးသွားလာခြင်းလျော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရေး အသိပညာ ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့က မြို့ဝင်၊ မြို့ထွက်ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ (၁၉၂)ဦးအား ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးခဲ့ပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)