ဝါးခယ်မ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက် ၈ နာရီက ကျုံမငေးမြို့ မြို့ဝင်စစ်ဆေးဂိတ်မှ တာဝန်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျုံမငေးမြို့ မြို့ဝင်စစ်ဆေးရေး ဂိတ်သို့ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် တစ်သိန်း၊ PPE level 3 ဝတ်စုံ ၃၀၊ PPE level 2 ဝတ်စုံ ၃၀၊ ဖိနပ် ၂၅ ရံ၊ မျက်နှာကာ (Face Shield) ၅၀ခု၊ N. 95 Mask ၅၀ပါ ဘူး ၁၅၀၀ ခုအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက ကျုံမငေးမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် တာဝန်ရှိသူများထံ လက်ဝယ် အရောက် ထပ်ဆင့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)