ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ တီးတိန်မြို့၊ ဘွာလ်းဇန်အားကစားခန်းမ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

တီးတိန်  ဒီဇင်ဘာ

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်း ရပ်ကွက်တွင် တည်ဆောက်သည့် ဘွာလ်းဇန်အားက စားခန်းမ တည်ဆောက်ပြီးစီးမှုကို ယမန်နေ့က ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အားကစားခန်းမသည်(၁၂၅×၉၀×၃၆)ပေ၊ ပွဲကြည့်စင်အထူးတန်းနှင့် ရိုးရိုးတန်းဖြင့် ဖွဲ့စည်းတည်ဆောက်ခြင်း ဖြစ်ပြီး ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၀ သန်းဖြင့် ZOMI Land ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှုနှင့် လိုအပ်ချက်များကို ဝန်ကြီးနှင့် တာဝန်ရှိသူတို့က လမ်းညွှန်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)