ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

တီးတိန်  ဒီဇင်ဘာ ၁၄

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တက်ရောက်ပြီး ရုံးအဆောက်အဦသစ်အား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တီးတိန်မြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာယဥက္ကဋ္ဌ၊ ဆရာတော် ဦးနန်လျန်းကပ်က ရုံးအဆောက် အဦသစ်အတွက် ဆုတောင်း ဆက်ကပ် မေတ္တာပို့သပေးသည်။

ထို့နောက် ဝန်ကြီးဦးမန်ဟင်းဒါလ်းက အမှာစကား ပြောကြားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ရုံးအဆောက်အဦသစ် တည်ဆောက်ရခြင်းများကို ရှင်းလင်းတင်ပြပြီး အမှာစကားပြောကြားသည်။

ယင်းနောက် ရုံးအဆောက်အဦသစ်နှင့် ရုံးတည်ဆောက်ခြင်း လုပ်ငန်းအချက်အလက်၊ စာရွက်စာတမ်းများကို EQUAL Contruction & Decoration ကုမ္ပဏီဒါရိုက်တာ ဦးအောင်ခန့်မင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးထံသို့ လွှဲပြောင်းပေးအပ်ကာ ဝန်ကြီးဦးမန်ဟင်းဒါလ်း၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့က မင်္ဂလာအချိန်ကျရောက်ပြီဖြစ်၍ ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရုံးသစ် ကဗ္ဗည်းမော်ကွန်းစာတမ်းအား မွှေးနံ့သာရေ ပက်ဖျန်းကာ ရုံးအဆောက်အဦသစ်အား ဝန်ကြီးနှင့်အဖွဲ့တို့က လှည့်လည် ကြည့်ရှုကြသည်။

အဆိုပါရုံး အဆောက်အဦသစ်သည် (၁၄၀×၃၄×၂၄) ပေ၊ RC ()ထပ်ဖြစ်ပြီး ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၃၈၄ ဒသမ ၃၂၇ သန်းဖြင့် EQUAL Construction & Decoration ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)