မြစ်ကြီးနား ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်း ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေးခန်းမ၌ Online မှကျင်းပခဲ့ရာ ကချင်ပြည်နယ် အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
အဆိုပါယှဉ်ပြိုင်နေမှုကို ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၊ ပြည်နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် တာဝန်ရှိသူများက ဉာဏ်စမ်းဖြေဆိုနေသော တပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းဉာဏ်စမ်းပြိုင်ပွဲကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်မှ ကြီးမှူးကျင်းပပြီး ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင်(၅)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ကချင်ပြည်နယ်မှလည်း စေတနာလုပ်အားရှင် (၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ပြည်နယ်ကြက်ခြေနီရုံးမှ သိရသည်။
စိန်ဝင်း(ပြန်/ဆက်)