ကွတ်ခိုင် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
လက်ရှိ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရေးအတွက် ကွတ်ခိုင် မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ် (Take away) ဖြင့်သာ ရောင်းချခွင့်ပြုထားရာ ယခုအခါ မြို့ပေါ်ရှိ ကျန်းမာရေး စစ်ဆေးမှု (A) အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်ဟု ကွတ်ခိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကာ အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)