ညောင်ရွှေ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ နန္ဒဝန်ရပ်(၆)အကွက်နှင့် ဘုရားကြီးကျေးရွာတို့မှ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု ၅၂ စုသို့ အခြေခံစားသောက်ကုန်များကို ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုတွင် အီတလီနိုင်ငံသူ Mrs Naw Nawနှင့် သူငယ်ချင်းများ စုပေါင်း၍ ငွေကျပ် ၃၃၆၀၀၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ လှူဒါန်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အထိ ရက်သတ္တပတ် ၁၂ ပတ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်