ပုသိမ် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ပြည်သူဆေးရုံကြီးတွင် ကိုဗစ်-၁၉ကာလတွင် အသုံးပြုရန်၊ အောက်ဆီဂျင်စက် ဝယ်ယူရန်အတွက် ငွေကျပ် ၁၃၃၉၆၁၅၀/- (တစ်ရာသုံးဆယ်သုံးသိန်း ကိုးသောင်းခြောက်ထောင့်တစ်ရာငါးဆယ်/-) အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်ဆေးရုံအုပ်ကြီး ရုံခန်း၌ပြုလုပ်ခဲ့သည်။
အလှူရှင်မှာ ပုသိမ်မြို့ဇာတိ အထက-၁ ယခင်ဟိုက်စကူး ကျောင်းသားဟောင်း ဦးစိန်သန်းဖြစ်သည်။ ယခုအခါ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိမြို့တွင် နေထိုင်လျက်ရှိကာ၊ ပုသိမ်ဆေးရုံကြီး ကိုဗစ်ကာလ အထူးလိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ဝယ်ယူရန် အလှူရှင်ကိုယ်စား အထက-၁ ကျောင်းသားဟောင်းကြီးများက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် ကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)