ကျုံပျော် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာများ ထပ်မံ တွေ့ရှိလျက်ရှိပြီး Quarantine Center များလည်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ အဆိုပါ Quarantine ဝင်ရောက် သူများအဆင်ပြေစွာ စားသောက်နိုင်ရန် အတွက် ကျုံပျော်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ အခြေခံစားသောက် ကုန်များလှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်စခန်းမှူး ဦးသန်းဇော်လွင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင် မိသားစုများ လှူဒါန်းသည့် ဆန် (၅)အိတ်၊ ဆီ(၁၀) ပိဿာ၊ ကြက်သွန်နီ (၂၅)ပိဿာ၊ ရေသန့် (၁၀)ကဒ်နှင့် အလှူငွေ (၅၀,၀၀၀) ကျပ် တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် ၊ ရှားခဲကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ကိုဗစ် - ၁၉ အတည်ပြုလူနာ (၇၀)ဦးကျော် ရှိနေပြီး၊ Quarantine ဝင်ရောက်နေသူ (၄၀၀) ဦးကျော် ရှိနေကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)