ပုသိမ်၌ မီးဘေးသင့် အိမ်ထောင်စု(၂၄)စုအတွက် ထောက်ပံ့ငွေများပေးအပ်

ပုသိမ်  ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်နေ့က မီးလောင်ခဲ့ရာ အိမ်ထောင်စု ၂၄ စု မီးသင့်ခဲ့သည်။

ယမန်နေ့ ညနေပိုင်းက အဆိုပါမီးဘေးသင့်အိမ်ထောင်စု ၂၄ စုကို ပုသိမ်မြို့ လမင်းတစ်ရာ ဘက်စုံပရဟိတ ဆရာတော်နှင့် ဘက်စုံလူမှုကူညီရေးအဖွဲ့ အဖွဲ့သားများမှ သွားရောက်၍ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု(၂၄)စုအား တစ်အိမ်လျှင် အလှူတော် ငွေကျပ် တစ်သိန်းဖြင့် (၂၄)သိန်းကျပ်အား ထောက်ပံ့ကူညီ လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)