မတ္တရာမြို့ အ.ထ.က(စလွန်ဖြူ)၌ လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ ကျင်းပ

မတ္တရာ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀မိနစ်အချိန်က အမှတ် (၅) ရပ်ကွက်ရှိ အ.ထ.က(စလွန်ဖြူ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး လူငယ်နှင့် စာရိတ္တ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်စသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပွဲသို့ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)