ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Mask Campaign ပြုလုပ်ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး

ကွန်ဟိန်း      ဒီဇင်ဘာ       

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  Mask Campaign ပြုလုပ်ခြင်း၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာ ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက Mask တပ်ဆင်ကြရန် အသိပညာပေးခြင်း၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များတွင် သတ်မှတ်ထားသည့် ထောက်ခံစာများ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်စန္ဒီမြင့် (ပြန်/ဆက်)