ကန်ကြီးထောင့် မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကန်ကြီးထောင့်  ဒီဇင်ဘာ ၁၄

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ မြို့မစည်ပင်သာယာ‌ ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်ခြင်းရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၈ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ Mask များ တပ်ဆင်ထားခြင်း ရှိ/မရှိ၊ သတ်မှတ် အကွာအဝေးအတွင်း ဈေးရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို Hand Speaker ဖြင့် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများနှင့် ပျံကျဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့ထံမှ သိရသည်။

နန်းထိုက်(ပြန်/ဆက်)