ပုလော ဒီဇင်ဘာ လ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စျေး၀ယ်သူ၊ စျေးရောင်းသူ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီ က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပုလောမြို့ စည်ပင်သာယာစျေးနှင့် ပျံကျစျေးအတွင်း ရောင်းသူ၊၀ယ်သူများနှင့် ကုန်တင်ကုန်ချအလုပ်သမားများ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်နှင့် လက်များကို မကြာခဏဆေးကြောရန် အသိပညာပေး၍ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ချက်ချင်း၀ယ်ယူတပ်ဆင်စေခဲ့ကြောင်းသိရသည်။ အဆိုပါစစ်ဆေးခြင်းနှင့်အသိပညာပေး ဆောင်ရွက်ခြင်းကို ပုလောမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)