ဟားခါးမြို့နယ် လောက်လုံကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ဟားခါး           ဒီဇင်ဘာ         ၁၄

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာ မှတဆင့် အပူလွန်ကဲပြီး ယမန်နေ့ ညနေ ၅ နာရီအချိန်က (၂၀×၁၄)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့ရာသို့ ဟားခါးမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ၊ တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ မရှိကြောင်း၊ မီးဘေးဒုက္ခသည် မိသားစုဝင်(၃)ဦးအား နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ နေရာချထားပေးခဲ့ကြောင်း ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)