ထန်တလန်မြို့နယ်၌ လူစီးကားတိမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရ

ထန်တလန်      ဒီဇင်ဘာ       ၁၄

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်၌ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မှန်လုံကားဖြူစိမ်းကြား (ချင်းတောင်တန်းကား)  ကားနံပါတ် 3A/4237 တမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရရှိကြောင်းသိရသည်။

ဖြစ်စဥ်မှာ ထန်တလန်မြို့မှ ဟားခါးမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည် (၁၁) ဦးလိုက်ပါလာသည့် မှန်လုံကား ဖြူစိမ်းကြား(ချင်းတောင်တန်းကား) သည် ဘရိတ်ပေါက်သဖြင့်  ဘယ်ဘက်ခြမ်းကို ချော်ကျတိမ်းမှောက် ခဲ့ကြောင်းသိရသည်။

မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား) တိမ်းမှောက်မှုကြောင့် (၂) ဦးမှာ  သေဆုံးသွားခဲ့ပြီး  ယာဉ်မောင်း အပါအဝင် (၉) ဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မောင်းအား ထန်တလန်မြို့ နယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)