ဝါးခယ်မ၌ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

ဝါးခယ်မ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံသို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ လှူဒါန်းပေးရာတွင် Surgical Gown (၁၅၀) ထည်၊ Surgical mask (၂၀၀၀) ခု၊ KN 95 mask (၇၀) ခု၊ Face shield (၂၀၀) ခု၊ Plastic Apron (၃၀၀) ခု၊ ခွဲစိပ်ခန်းသုံး ခေါင်းစွပ် (၃၀၀) ခု၊ ခွဲစိပ်ခန်းသုံး လက်အိပ် (၅၀၀) ခု၊ ရေမလို လက်သန့်ဆေးရည် (၅၀၀ မီလီ) ၁၅ ဗူး၊ ကလိုရင်း ပိုးသတ်ဆေးရည် (၁၈ လီတာ) ၅ ပုံး၊ ဘောပင် ၂၀၀ ခု စသည့် တန်ဖိုးငွေကျပ် ၄၄၀၀၀၀ ကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိုယ်စား မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းအောင်က လှူဒန်းပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် ဦးဝင်းတင်က လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)