မိုင်းခတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ယာယီပျံကျဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အားကစားနှင့်ကာယပညာဦးစီဌာန ဦးဆောင်ပြီး ကျောင်းသူကျောင်းသားများက ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး သီချင်းများကို သရုပ်ဖော်အကများဖြင့် ဈေးရောင်း၊ ဈေး၀ယ်လာရောက်ကြသူများအား ကပြခဲ့ပြီး Mask ကို စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးခြင်း၊ Maskများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ၊ မြို့နယ်အားစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)