မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦး ဆေးရုံဆင်းခွင့်ရ

မိုင်းဖြတ် ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးသည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉အတည်ပြုလူနာ ၃ ဦးဆေးရုံဆင်းရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်၊ အတွင်းရေးမှူး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်နှင့် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသိန်းဦးတို့က အမှတ်တရ ပန်းစည်းများ ပေးပြီး အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ဆရာဝန် ဒေါက်တာ စုစုလှိုင်က ဆေးရုံဆင်းလက်မှတ်များကိုပေးအပ်ခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ မြို့နယ် စီမံချက်ညှိနှိုင်းရေးမှူး ဦးမျိုးကိုက  တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်၄သောင်းကိုပေးအပ်ခဲ့သည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် အတည်ပြုလူနာ ၃ ဦးသည် ဒီဇင်ဘာလ ၂ရက်နေ့နှင့် ၃ရက်နေ့က (RDT) Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ရောဂါးပိုး တွေ့ရှိခဲ့ခြင်းဖြစ်၍ မန်နေ့တွင် ကျန်းမာရေး ကောင်းမွန်သည့်အတွက် ဆေးရုံဆင်းခွင့်ရရှိပြီး  မိမိတို့နေအိမ်တွင် ၇ရက် Home Quarantine နေရမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)