ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ အင်းမကျေးရွာတွင် ရော်ဘာစိုက်ခင်းစီမံခန့်ခွဲမှုနှင့် ထုတ်လုပ်နည်း တောင်သူပညာ ပေးဆွေးနွေးခြင်း ပြုလုပ်

ပလောက်  ဒီဇင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ အင်းမကျေးရွာ၌ ရော်ဘာစိုက် ခင်းစီမံခန့်ခွဲမှုနှင့် ထုတ်လုပ်နည်းတောင်သူပညာပေးဆွေးနွေးခြင်းကို ပြည့်ဖြိုးထွန်းကုမ္ပဏီတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင်  ပလောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ဆင်ထိုးကြီး ကျေးရွာအုပ်စု၊အင်းမကျေးရွာရှိ တောင်သူများအားရော်ဘာစိုက်ခင်းနှင့် အစေးခြစ်ခြင်း၊ မှိုင်းခံရော်ဘာပြား ထုတ် လုပ်ခြင်းနည်းပညာများကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှနည်းပညာများအားနှိုင်းယှဉ်ဆွေးနွေးပေးခဲ့ပြီး တက် ရောက် လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက အသေးစိတ် ပြန်လည် ဖြေကြားပေး ခဲ့ကြောင်းသိရသည်။

နှင်းမြူလွင်   (ပလောက်ပြန်ဆက်)