ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း စာသင်ဆောင်နှစ်ထပ်တိုက် ဆောက်လုပ်ခြင်းနှင့် မြေထိန်းနံရံ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ဖလမ်း ဒီဇင်ဘာ ၁၄

ဖလမ်းမြို့ရှိ သူနာပြုသင်တန်းကျောင်း စာသင်ဆောင်နှစ်ထပ်တိုက် ဆောက်လုပ်ခြင်းနှင့် မြေထိန်းနံရံဆောင်ရွက်မှုကို ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။

သူနာပြုသင်တန်းကျောင်း စာသင်ဆောင်(၁၄၀×၃၀×၂၄)ပေရှိ  RC နှစ်ထပ်တိုက်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း(၄၉၀၀)ကုန်ကျခံကာ တင်ဒါရ Zomi Land ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၁ ရက်နေ့မှစတင် ဆောက်လုပ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့တွင် တည်ဆောက် ပြီးစီးခြင်းဖြစ်သည်။ စာသင်ဆောင်တွင် စာသင်ခန်း()ခန်းနှင့် Skill Lab Teaching Aid e-Library နှင့် ကွန်ပျူတာခန်းများ ပါဝင်မည်ဖြစ်သည်။

အလားတူ အဆိုပါစာသင်ဆောင်၏ အနောက်ဖက်ရှိ မြေထိန်းနံရံ (၂၀၀×၁၀)ပေ ကို လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း(၃၈၂)ကုန်ကျခံကာ တင်ဒါရ ဖွားဖွားမေတ္တာ ကုမ္ပဏီက ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဂျွန်