သာပေါင်းမြို့နယ်တွင် ကြက်ခြေနီအကြောင်း မိတ်ဆက်သင်တန်းကျင်းပ

သာပေါင်း ဒီဇင်ဘာ ၁၄

သာပေါင်းမြို့နယ်တွင် ကြက်ခြေနီအကြောင်း တစ်ရက်တာ မိတ်ဆက်သင်တန်းကို ရှမ္မမြောင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ စုဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ကစတင်၍ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ခေတ္တမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းမှ ကြက်ခြေနီအကြောင်း တစ်ရက်တာ မိတ်ဆက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့ ညောင်ပင်သာကျေးရွာ၊ သူဌေးစမ်းကျေးရွာ၊ ဝါယားချောင်းကျေးရွာများမှ စိတ်ပါ၀င်စားစွာ တတ်ရောက်လာကြသူ (၁၀)ယောက်တို့ကို နည်းပြဆရာ၊ ဆရာမ(၆)ဦးတို့မှ ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ အခြေခံမူ (၇)ချက်နှင့် ရှေ့ဦးပြုစုခြင်း၏ အသုံး၀င်ပုံများနှင့် သဘောတရားများ၊ အခြေခံအသက်ကယ် အထောက်အကူ ပြုစုနည်းများကို စာတွေ့လက်တွေ့ သရုပ်ပြရှင်းလင်း ဆွေးနွေးပို့ချပေးကြပြီး၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်နေထိုင်နည်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း ၊ သာပေါင်း(ပြန်/ဆက်)