မောက်မယ်မြို့နယ်အတွင်း စျေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုက်လံစစ်ဆေး

မောက်မယ် ဒီဇင်ဘာ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စျေးဆိုင်ပိုင်ရှင်များ လိုက်နာခြင်းရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဦးဆောင်၍ မြို့နယ်အဆင့်လုပ်ငန်းကော်မတီတွင် ပါဝင်သော အဖွဲ့ဝင်များမှ မန်နေ့နံနက် နာရီက လိုက်လံစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်း၊ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား လျင်မြန်စွာ ဖြတ်တောက်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာရန် စည်းကမ်းချက်များကို အသိပညာပေးပြီး  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များ နှင့်အညီ စျေးဆိုင်ပိုင်ရှင်များမှ လိုက်နာခြင်းရှိပါက ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)