ပြင်ဦးလွင် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၅)ခု ဖွင့်လှစ်၍ ယနေ့နံနက် (၉)နာရီတွင် မြန်မာစာဘာသာအား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ သွားရောက်ကြည့်ရှုအားပေးကြသည်။
ပြင်ဦးလွင်မြို့နယ်၌ စာစစ်ဌာန(၅)ခုတွင် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၃၃၄၇) ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ (၃၃၀၉) ဦးနှင့် ပျက်ကွက် (၃၈) ဦးရှိသည်။ ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၈.၈၆) ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက် ရာခိုင်နှုန်းမှာ (၁.၁၄) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)