တိုင်းဒေသကြီးပညာရေးမှူး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

အောင်မြေသာစံ ဇွန် ၁၆

မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် Grade 12 စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း ပညာရေးမှူး ဦးကျော်မိုးထွန်း လှည့်လည်စစ်ဆေးကြောင်း သိရသည်။

တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းသည် ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အ.ထ.က (၅) စာစစ်ဌာန၊ ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က(၂၈) စာစစ်ဌာန၊ အ.ထ.က(ခွဲ) (၃)နှင့် အ.ထ.က (ခွဲ) (၁၃) စာစစ်ဌာန၊ ချမ်းအေးသာစံမြို့နယ် ပြည့်သူ့ဆေးရုံကြီး စာစစ်ဌာန၊ အ.ထ.က(၁၂) စာစစ်ဌာနနှင့် အောင်မြသာစံမြို့နယ်၊ အ.ထ.က(၁၇) စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းမြ့စွာ ဖြေဆိုနိုင်စေရေး၊ ကြီးကြပ်ရေးမှူးများ၊ တာဝန်ကျ ဆရာ၊ဆရာမများ အနေဖြင့် စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေးနှင့် လုပ်ငန်းများ အောင်မြင်ပြီးမြောက်အောင် စီမံဆောင်ရွက်ကြစေရေး မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)