မိုင်းယောင်း၌ Facility Quarantine (၁၄)ရက် ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသူများကို အိမ်ပြန်ခွင့်ပြု

မိုင်းယောင်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) Community Based Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ကာလ ၁၄ ရက်ပြည့်အောင်နေထိုင်ပြီးသူ ၁၂ ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် ယမန်နေ့ ညနေပိုင်းက အိမ်ပြန်နေထိုင်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပါဝင်၍ အိမ်ပြန်ခွင့်ရသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ရေးတို့ကို ရှင်းလင်း ပြောကြားပြီး အသွားအလာကန့်သတ်ကာလ နေထိုင်ပြီးစီးကြောင်း ကျန်းမာရေးထောက်ခံစာများကို အိမ်ပြန်ခွင့်ရသူတစ်ဦးချင်းအား ပေးအပ်ခဲ့ကြသည်။

Facility Quarantine အသွားအလာကန့်သတ် ၁၄ ရက်ပြည့်သူ ၁၂ ဦး၏ Swab နာမူနာ ဆေးစစ်ချက်များအရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်းနှင့် နေအိမ်တွင် နောက်ထပ် Home Quarantine အသွားအလာကန့်သတ် ရက်သတ္တပတ်ကြာ ဆက်လက် နေထိုင်ကြရမည် ဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အားချာ(ပြန်/ဆက်)