ကွန်ဟိန်းမြို့ ၌ ရှမ်းနှစ်သစ်ကူးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Clean City လှုပ်ရှားမှုဆောင်ရွက်

 

ကွန်ဟိန်း ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ သက္ကရာဇ် ၂၁၁၅ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးနေ့အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် Clean City လှုပ်ရှားမှုဆောင်ရွက်ခြင်းအား ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Clean City ဆောင်ရွက်ခြင်းတွင် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် အမှိုက်များ ကောက်ယူခြင်း၊ လမ်းမကြီး သာယာလှပနေစေရန် သန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ် ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုအား မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ Nobel Heart အဖွဲ့ဝင်များ၊ ကျွန်းတစ်ထောင် ဖောင်ဒေးရှင်းအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)