ဟိုပန်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

ဟိုပန်          ဒီဇင်ဘာ                ၁၄

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းသူကျော် ဦးဆောင်၍ Mask Campaign ကို ယနေ့ နံနက် ၈ နာရီအချိန်က လွတ်လပ်ရေး ကျောက်တိုင်လမ်းဆုံနှင့် မြို့လယ်အဝိုင်းတွင် နှာခေါင်းစည်း Mask (၁၀၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လမ်းသွားလမ်းလာပြည်သူများ၊ ဈေးသွား/ဈေးပြန်ပြည်သူများ၊ လုပ်ငန်းခွင်သို့ သွားရောက်ကြသည့် လုပ်သားများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များက Mask များကို အခမဲ့ဖြန့်ဝေပေးပြီး အပြင်ထွက် သွားလာတိုင်း Mask တပ်ဆင်သွားလာရေး အသိ ပညာပေးခဲ့ပါသည်။

  “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် မြို့ဝင် စစ်ဆေးရေး ဂိတ်ထားရှိပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန ဝန်ထမ်းများဖြင့် နေ့စဉ် စစ်ဆေး ကြပ်မတ်လျက်ရှိကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြား ချက်များလိုက်နာ ဆောင်ရွက်ရေး အတွက်အသိပေး နိုးဆော်ခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ရေး ကိုလည်း မြို့မဈေးတွင် နေ့စဉ်စစ်ဆေးကြပ်မတ် လျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)