ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုမရှိစေရေးအသိပညာပေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်

 

မိုင်းနောင်   ဒီဇင်ဘာ    ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ပျံကျစျေးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လှည့်လည် အသိပေး နှိုးဆော်ခြင်း၊ mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး ခြင်းများကို ယ နေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင် မြို့စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးအောင်သက်ပိုင်နှင့် ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်/ဆက် ဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသား ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ် နိုင်ရန်အတွက် မိမိနေအိမ် တွင်သာ Stay Home. နေထိုင်ရန်၊ နေအိမ်ပြင်ပ သို့ မဖြစ်မနေ ထွက်ခွာရပါက (mask) တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူစည် ကားသည့် နေရာများသို့ သွားလာခြင်း မပြုရန်၊ ကလေးငယ်များအား စျေးအတွင်းသို့ ခေါ်ဆောင်လာခြင်း မပြုရန်၊ အပြင်မှ ပြန်လည်ရောက်ရှိလာပါက စက္ကန့်(၂၀)ခန့် လက်ဆေးရန်များကို အသိပေး နိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပျဲံကျစျေးအတွင်း စျေးရောင်း၊စျေးဝယ်များ(mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ (mask) တပ်ဆင်ပြီးမှသာ စျေးအ တွင်း ဝင်ရောက်စေခြင်း ၊(mask) တပ်ဆင်ခြင်း မရှိသူများကို (mask) များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုင်းနောင်(ပြန်/ဆက်)