ချင်းရွှေဟော် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၃၆)ဦး အား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေး အတွက် ယမန်နေ့၊ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၆)ဦးမှာ အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၁၆)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့ နယ်မှ (၁) ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ(၁)ဦး၊ သပိတ်ကျင်းမြို့နယ်မှ(၁)ဦး၊ မြစ်သားမြို့နယ် မှ(၃)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ(၁)ဦး၊ ရေတာရှည်မြို့နယ်မှ(၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ(၁)ဦး၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်မှ(၁)ဦး၊ မူဆယ်မြို့နယ်မှ(၃)ဦး၊ သီပေါမြို့နယ်မှ (၃)ဦး၊ တန့်ယန်းမြို့နယ်မှ(၄)ဦး၊ ကွတ်ခိုင်မြို့နယ်မှ(၁)ဦး၊ ဟိုပန်မြို့နယ်မှ(၂)ဦး၊ တာမိုးညဲမြို့နယ်မှ(၁)ဦး၊ နမ္မတူမြို့နယ်မှ(၁)ဦး နှင့် ကွမ်းလုံ မြို့နယ်မှ(၂)ဦး တို့ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား ရယူပြီး မူဆယ်မြို့၊ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ဆက်လက်၍ စနစ်တကျစီစဉ်ပြီး လွှဲပြောင်းပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)