တွန်းဇံမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

တွန်းဇံ  ဒီဇင်ဘာ ၁၄

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် ယနေ့နံနက် ၁၀ နာရီအချိန် Community Centre ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပသည်။

အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟုန်းဂေကီးက တွန်းဇံမြို့နယ် အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အသက်(၁၈)နှစ် မပြည့်သေးသည့် ကလေးသူငယ်များအား မော်တော်ဆိုင်ကယ်မောင်နှင်မှု နှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်မှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်တွင် အသစ်ပြန်လည် ပြင်ဆင်သည့် မော်တော်ယာဉ် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရေးအတွက် ရှင်းလင်းပေးနိုင်ရေးကို ဆွေးနွေးမေးမြန်းခဲ့သည်။

ဆွေးနွေးမေးမြန်းချက်များအပေါ် မြို့မရဲစခန်းမှ ဒု-ရဲအုပ် တေဇာအောင်က လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အသစ်ပြန်လည်ပြင်ဆင်သည့် မော်တော်ယာဉ်ထိန်းသိမ်းရေးဆိုင်ရာ ဉပဒေများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရေးကို မြို့နယ်ဥပဒေအရာရှိ ဦးအောင်မြတ်သူ က လည်းကောင်း  ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)