ထန်တလန် ဒီဇင်ဘာ ၁၄
ထန်တလန်−ဟားခါးလမ်း မိုင်တိုင်အမှတ်(၁၇)တွင် ယနေ့နံနက်က မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား) တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူ(၂)ဦးနှင့် ဒဏ်ရာရရှိသူ(၉)ဦး၏ မိသားစုဝင်များအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသလျက်ရှိသော ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့်အဖွဲ့တို့က သွားရောက် အားပေးစကား ပြောကြားခဲ့ကြပြီး သေဆုံးသူ၏ မိသားစုဝင်များအား ထောက်ပံ့ငွေကျပ် (၃)သိန်းနှုန်းဖြင့် လည်းကောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေကျပ် (၅)သောင်းနှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)