ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်ရန် ကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်

မယ်စဲ့ ဒီဇင်ဘာ ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများရွေးချယ်ခြင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က မယ်ဆည်နမ်ကျေးရွာ ခန်းမဆောင်နှင့် ကျောက်စုကျေးရွာ ခန်းမဆောင် တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းတာဝန်ခံ ဦးငြိမ်းထက်အောင် က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)အကြောင်း မိတ်ဆက်ရှင်းလင်းဆွေးနွေးပြီး မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဦးဆော်ပရေးရယ်က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ကော်တီရွေးချယ်ဖွဲ့စည်းခြင်းနှင့် မိမိတို့ ကျေးရွာ အတွက် ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရွေးချယ်ခဲ့ကြပြီး ဆောင်ရွက်မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)