မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို အေးချမ်းစွာဖြေဆို

မြင်းခြံ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် အ-ထ-က-၁(မြင်းခြံ) စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၁၉) ဦးနှင့် ကျောင်းသူ (၁၈၄) ဦး စုစုပေါင်း (၃၀၃) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၁၉) ဦးနှင့် ကျောင်းသူ (၁၈၁)ဦး စုစုပေါင်း (၃၀၀) ဦး ဖြေဆိုကာဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသူ (၃) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာ(မြင်းခြံ)