ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

ငါန်းဇွန်  ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုကြရာ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာန၌ ဓာတုဗေဒတွင် ကျောင်းသား/သူ စာရင်းရှိ ၂၇၆.ဦး၊ ဖြေဆိုသူ ၂၆၈.ဦး၊ ပျက်ကွက် ၈ ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၇.၁၀%)ရှိပြီး ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား/ သူ စာရင်းရှိ ၉ ဦး၊ ဖြေဆိုသူ ၉ ဦး၊ ပျက်ကွက် မရှိ၊ ဖြေဆိုသူရာခိုင်နှုန်း (၁၀၀%) ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                                                        

သက်နောင်ဦး(ငါန်းဇွန်)