ကွမ်းလုံ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် တရုတ်နိုင်ငံနှင့် အခြားဒေသမှ နေရပ်ပြန် ပြည်သူ (၆၀)ဦးအား အသွား အလာကန့်သတ်စောင့်ကြည့်ထားရှိရာ ယနေ့ နေ့လည်(၁၂)အချိန်ခန့်က မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှ ပထမ အကြိမ် နှာခေါင်း အာခေါင်တို့ဖတ် Swab ရယူ၍ မူဆယ်မြို့ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ဆောင်ရွက် ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများအား အခြေခံပညာအထက်တန်းကျောင်း(ကွမ်းလုံ)တွင် (၃၆)ဦး၊ မြို့နယ် ဘော လုံးကွင်း တွင်(၈)ဦး၊ အခြေခံပညာမူလတန်းကျောင်း(ကုန်းညောင်)တွင်(၁၆)ဦး စုစုပေါင်း (၆၀) ဦး အား အသွားအလာ ကန့်သတ် စောင့်ကြည့်ထားကြောင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းများကို ကျန်မာရေးဝန်ထမ်းများက နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)