ပိုးဖမ်းထောင်ချောက်နှင့် တမာပိုးသတ်ဆေးအခမဲ့ ဖြန့်ဝေ

 

ဟိုပုံး         ဒီဇင်ဘာလ         ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ လွယ်အွန့် ကျေးရွာ အုပ်စု ၊ ရန်ကင်းကျေးရွာနှင့်ပေါင်လင်းကျေးရွာအုပ်စု ၊ ဟဲလုံရွာရှိ သီးနှံစိုက်တောင်သူ များထံသို့ Yellow Stieky Trap (ပိုးဖမ်းတဲ့ထောင်ချောက်)တမာပိုးသတ်ဆေးများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆောင်းသီးနှံများဖြစ်သော ဂေါ်ဖီထုတ် ၊ ပန်းမုန်လာ ၊ မုန်ညင်း ၊ ကိုက်လန်နှင့် စားဖိုဆောင်သီးနှံများဖြစ်သော အာလူး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ စိုက်ပျိုး ထုတ်လုပ်ရာ တွင် ပိုးသတ်ဆေး အသုံးပြု ခြင်းကြောင့် သီးနှံများတွင် ပိုးသတ်ဆေး ဓါတ်ကြွင်း ပါဝင်စေခြင်းဖြင့် လူ၏ကျန်းမာရေးကို ထိခိုက်စေခြင်း ၊ ပတ်ဝန်း ကျင်ရှိ ငှက်များနှင့် အကျိုးပြု အင်းဆက်ပိုးများ ၊ အင်းအိုင်ချောင်းမြောင်းထဲရှိ ငါးများကို အဆိပ်သင့်စေခြင်းတို့ကြောင့် ဓာတု ပိုးသတ် ဆေးများကို တောင်သူများစနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ကိုဗစ်-၁၉ ကာလ အတွင်း တောင်သူများ ကုန်ကျစရိတ်သက်သာစေရန် ၊ ဓာတုပိုးသတ်ဆေးသုံးစွဲမှု လျော့ကျစေရန် ၊ ရေရှည် တည်တံ့သော စိုက်ပျိုး ရေးစနစ်ကို အထောက်အကူပြုနိုင်ရန် ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် စိုက်ပျိုး စားသုံးသူများ အန္တရာယ် ကင်းရှင်း စေရန် ရည်ရွယ်၍ တမာပိုးသတ်ဆေး နှင့် Yellow Stieky Trap များကို ကွင်းထဲရှိတောင်သူများထံအရောက် အခမဲ့ ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှ ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းထံမှ သိရသည်။

နန်းခမ်းခြူး(ဟိုပုံး)