လောင်းလုံး ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင ်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်ခြင်း ကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊ ကဒက်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို စစ်ဆေးဆောင်ရွက် ရာတွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ် ဦးစီးမှူး၊ ဦးပြည့်ဖြိုးအောင်နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များမှ ပြင်ပတွင်ရောင်းချနေသော စက်သုံးဆီဆိုင်များအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများနှင့် မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ် ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသားများကို မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း( ပြန်/ဆက်)