ကလိန်အောင်မြို့ ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအစီအစဉ်များအတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်

ကလိန်အောင် ဒီဇင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ် ကုသရေးအစီအစဉ်များအတွက် စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် ၈ နာရီမှ စတင်ဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ် အဝင်အထွက်၊ လူဝင် လူထွက်နှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူကြီးကြပ်၍ ဌာနဆိုင်ရာ များက ပူးပေါင်းကာဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)